Informal Education is a general term for education that can occur outside of a structured curriculum. |
သမရိုးကျမဟုတ်သည့် ပညာရေးသည် ဖွဲ့စည့်ပုံသင်ရိုး၏ ပြင်ပ၌ သင်ယူရရှိနိုင်သော ပညာရေးကို ဆိုလိုပါသည်။ |
Informal Education encompasses student interests within a curriculum in a regular classroom, but is not limited to that setting. |
သမရိုးကျမဟုတ်သည့် ပညာရေးသည် ပုံမှန်စာသင်ခန်းတစ်ခုအတွင်း၌ ကျောင်းသားများ စိတ်ပါဝင်စားသည့် သင်ရိုးတစ်ခုကို ပုံမှန်အတိုင်း သင်ယူလေ့လာနိုင်ခြင်းထက်မကပါ။ |
It works through conversation, and the exploration and enlargement of experience. |
အပြန်အလှန်စကားပြောဆိုခြင်း၊ စူးစမ်းမေးမြန်းခြင်းနှင့် အတွေ့အကြုံများကို ဖြန့်ကျက်လေ့လာခြင်းတို့မှလည်း သင်ယူမှုဖြစ်နိုင်ပါသည်။ |
Sometimes there is a clear objective link to some broader plan, but not always. |
တစ်ခါတရံတွင် ပိုမိုကြီးမားကျယ်ပြန့်သည့် အကြောင်းအရာတချို့နှင့် ဆက်နွယ်နေသည့် သိသာထင်ရှားသော ရည်ရွယ်ချက်တစ်ခုရှိနိုင်သော်လည်း အမြဲတစေ ထိုသို့ဖြစ်ရမည်ဟု မဆိုလိုပါ။ |
The goal is to provide learners with the tools he or she needs to eventually reach more complex material. |
ရည်ရွယ်ချက်မှာ ပို၍အဆင့်မြင့် နက်နဲခက်ခဲသော အကြောင်းအရာများကို ကျောင်းသားကျောင်းသူတို့ တဖြေးဖြေးလေ့လာ လာနိုင်စေရန်အတွက် ၎င်းတို့ လိုအပ်သည့် နည်းကရိယာများ ဖန်တီးပေးနိုင်ရန်ဖြစ်ပါသည်။ |
It can refer to various forms of alternative education, such as: Unschooling or homeschooling, Autodidacticism (Self-teaching), Youth work, and Informal learning |
သမရိုးကျမဟုတ်သည့် ပညာရေးသည် ကျောင်းမနေဘဲ အိမ်တွင်သာသင်ယူခြင်း၊ မိမိဘာသာသင်ယူခြင်း၊ လက်တွေ့လုပ်ငန်းခွင်သင်ယူခြင်းစသည့် သမရိုးကျပုံစံမဟုတ်သော သင်ယူမှုပုံစံအမျိုးမျိုးကို ဆိုလိုခြင်းဖြစ်ပါသည်။ |
Informal Education consists of accidental and purposeful ways of collaborating on new information.[2] |
သမရိုးကျမဟုတ်သည့် ပညာရေးတွင် အသိပညာ သတင်းအချက်အလက် အသစ်များကို မရည်ရွယ်ဘံသော်လည်းကောင်း ရည်ရွယ်ချက်ရှိရှိဖြင့်သော်လည်းကောင်း သင်ယူလေ့လာရရှိနိုင်ပါသည်။ |
It can be discussion based and focuses on bridging the gaps between traditional classroom settings and life outside of the classroom. |
သမရိုးကျမဟုတ်သည့် ပညာရေးသည် အပြန်အလှန်ဆွေးနွေးခြင်းကို အခြေခံပြီး သမရိုးကျစာသင်ခန်းနှင့် စာသင်ခန်းပြင်ပ နေ့စဉ်ဘဝအကြား ပေါင်းကူးပေးနိုင်ခြင်းကို အလေးပေးပါသည်။ |
People interpret information differently, and therefore a structured curriculum may not allow all learners to understand the information. |
လူတစ်ဦးတစ်ယောက်ချင်းစီက သတင်းအချက်အလက်များကို လက်ခံနားလည်ပုံခြင်း မတူညီသည့်အတွက် တသတ်မှတ်တည်း ရေးဆွဲထားသည့် သင်ရိုးတစ်ခုသည် သတင်းအချက်အလက်များကို သင်ယူသူအားလုံးက လက်ခံနားလည်နိုင်စေမည် မဟုတ်ပါ။ |
Informal education is less controlled than the average classroom setting, which is why informal education can be so powerful. |
သမရိုးကျမဟုတ်သည့် ပညာရေးသည် သာမန်စာသင်ခန်းတစ်ခုကဲ့သို့ တင်းကြပ်ထိန်းချုပ်ထားမှုများ မရှိသည့်အတွက် ပို၍အကျိုးရှိ ထိရောက်နိုင်ပါသည်။ |
Informal education can help individuals learn to react to and control different situations and settings. |
သမရိုးကျမဟုတ်သည့် ပညာရေးသည် တစ်ဦးတစ်ယောက်ချင်းစီက မတူညီသည့်အခြေအနေ အကြောင်းအရာများကို မတူကွဲပြားသည့်နည်းလမ်းများဖြင့် တုံ့ပြန်ဖြေရှင်းနိုင်ရန် ကူညီပေးပါသည်။ |
In addition, it combines social entities that are important for learning. |
ထို့အပြင် သင်ယူမှုအတွက် အရေးပါသည့် လူမှုအသိုင်းအဝိုင်းများကိုလည်း တပေါင်းတစည်းတည်း ရှိစေပါသည်။ |
Informal Education may be viewed as the learning that comes as a part of being involved in youth and community organizations. |
သမရိုးကျမဟုတ်သည့် ပညာရေးကို လူငယ် အသိုင်းအဝိုင်းနှင့် အဖွဲ့အစည်းများတွင် ပါဝင်လှုပ်ရှားခြင်းများမှ သင်ယူရရှိမှု၏ တစိတ်တပိုင်းအဖြစ်လည်း မြင်နိုင်ပါသည်။ |
This type of education is a spontaneous process, which helps people to learn information in a new way. |
ဤကံသို့သော သင်ယူလေ့လာခြင်းသည် သတင်းအချက်အလက်များကို နည်းလမ်းအသစ်များဖြင့် သင်ယူစေနိုင်သော အဆက်မပြတ်ဖြစ်စဉ်တစ်ခု ဖြစ်သည်။ |
Its helps to cultivate communities, associations and relationships that make for a positive learning environment. |
အကျိုးရှိ ထိရောက်သည့် သင်ယူမှုဝန်းကျင်တစ်ခု ဖြစ်ပေါ်လာစေနိုင်သည့် အသိုင်းအဝိုင်း၊ အဖွဲ့အစည်းနှင့် ဆက်ဆံရေးများကို အားပေးသည့် သင်ယူလေ့လာမှုမျိုးလည်း ဖြစ်သည်။ |
Informal Education: |
သမရိုးကျမဟုတ်သည့် ပညာရေးသည် - |
- Looks to create or deepen situations where people can learn, explore and enlarge experiences, and make changes. |
- သင်ယူသူတို့ စူးစမ်းမေးမြန်းလေ့လာနိုင်ပြီး အတွေ့အကြုံများ ဖြန့်ကျက်လေ့လာနိုင်သည့်အပြင် လိုက်လျောညီထွေသည့် ပြောင်းလဲမှုများ ပြုလုပ်နိုင်သည့် အခွင့်အလမ်းများကို စောင့်ကြည့် ဖန်တီးပေးသည်။ |
- Provides an environment where everyone can learn together and can scaffold off of one another. |
- အတူတကွ သင်ယူလေ့လာနိုင်ခြင်းအပြင် အပြန်အလှန် ကူညီသင်ယူလေ့လာနိုင်သည့် သင်ယူမှုဝန်းကျင်မျိုးကို ဖန်တီးပေးသည်။ |
- Understanding that the activity can be based on any form of learning, the teaching does not have to be deliberate, more so implied. |
- သင်ယူမှုလှုပ်ရှားမှု လုပ်ငန်းများသည် မည်သည့်သင်ယူမှုပုံစံနှင့်မဆို သင်ယူနိုင်ကြောင်းနှင့် သင်ကြားမှု လုပ်ငန်းစဉ်များသည်လည်း တသတ်မှတ်တည်းဖြစ်ရန် မလိုအပ်ကြောင်း နားလည်သည်။ |
We give students the tools to do complex materials over time, rather than teaching the complex material and then giving the tools. |
ကျောင်းသားကျောင်းသူများကို ခက်ခဲရှုပ်ထွေးသည့် အကြောင်းအရာများ သင်ကြားပေးပြီးမှ လေ့လာရန် လိုအပ်သည့် နည်းကရိယာများပေးခြင်းမဟုတ်ဘဲ ထိုအကြောင်းအရာများကို ကိုယ်တိုင် လေ့လာဖြေရှင်းနိုင်ရန် လိုအပ်သည့်နည်းကရိယာများအား အချိန်နှင့်တပြေးညီ ပေးသည်။ |
- Focuses on the social aspects of learning, and how important collaborative learning is. |
- သင်ယူမှု၏ လူမှုရှုထောင့်များအပေါ် အလေးပေးပြီး ပေါင်းစပ်လေ့လာသင်ယူခြင်း၏ အရေးပါပုံကိုလည်း အလေးပေးသည်။ |
- The tools students are given are tangible for the processes in which they will be applied. |
- သင်ယူသူများကို သင်ယူမှုဖြစ်စဉ်များအတွက် အသုံးချရမည့် အမှန်တကယ်အသုံးကျသည့် နည်းကရိယာများကို ပေးသည်။ |
- Bridges the gap between school and life. |
- ကျောင်းနှင့် လက်တွေ့ဘဝအကြား ကွာခြားချက်များကို ပေါင်းကူးပေးသည်။ |
- Allows students a choice in learning, and how to approach the material. |
- အကြောင်းအရာအပေါ်မူတည်ပြီး မည်သည့်ချဉ်းကပ်မှုမျိုးဖြင့် သင်ယူမည်ကို ကျောင်းသားကျောင်းသူများ ကိုယိတိုင်ရွေးချယ်ခွင့် ပေးသည်။ |
- Make learning accessible in every day life and in the future. |
- နေ့စဉ်ဘဝတွင်သာမက အနာဂတ်၌ပါ စဉ်ဆက်မပြတ် သင်ယူလေ့လာစေသည်။ |
- Informal Education is driven by conversation and interacting with others. |
- သမရိုးကျမဟုတ်သည့် ပညာရေးသည် အပြန်အလှန်စကားပြောဆိုခြင်းနှင့် အခြားသူများနှင့် ဆက်ဆံပြောဆိုခြင်းများမှ သင်ယူရရှိနိုင်သော ပညာရေးပုံစံ ဖြစ်ပါသည်။ |